မြန်မာ့အရေးဖြေရှင်းဖို့ မလေးရှားရဲ့ ဦးဆောင်မှုအရေးကြီး

မလေးရှား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမဲ့ ကာလအတွင်း မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က ပြောဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) အား တွေ့ရစဉ်။ AFP

မလေးရှား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမဲ့ ကာလအတွင်း မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းနေချိန်မှာ မလေးရှားရဲ့ ဦးဆောင်မှုဟာ အဓိကကျလိမ့်မယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံက ယူထားပြီး လာမယ့် ၂ဝ၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ပြောင်းယူမှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ လူ့အခွင့်အရေးမဟာမင်းကြီးဟာ မလေးရှားဝန်ကြီးချုပ်နဲ့ ဒီနေ့တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူပေါင်းသုံးသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုနေတာကြောင့် အာဆီယံကနေ အရေးတကြီး အကူအညီတွေပေးဖို့လိုတယ်လို့ မဟာမင်းကြီးက ပြောခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ စစ်တပ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org