မြန်မာကို ICC ပို့ရေး ဗြိတိန်အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ်က လုံခြုံရေးစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့က ဝင်တိုက်ခိုက်ခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဒီလိုတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာတပ်က ထိုးစစ်ဆင်နွှဲ တာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်အခြေစိုက် Burma Campaign UK က ကြေညာချက် တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မောင်တောမြို့နယ် အလယ်သံကျော်ရှိ မီးရှို့ခံရတဲ့ အဆောက်အဦးတစ်ခုကို တွေ့ရစဉ် Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က လုံခြုံရေးစခန်းတွေကို  ARSA အကြမ်းဖက်အဖွဲ့က ဝင်တိုက်ခိုက်ခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်မြောက်ခဲ့ ပြီး ဒီလိုတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာတပ်က ထိုးစစ်ဆင်နွှဲတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်အခြေ စိုက် Burma Campaign UK က ကြေညာချက် တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာတပ် ထိုးစစ်ကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာ၊ ရွာသားတွေ အသတ်ခံရ၊ ပစ်ခတ်ခံရ၊ အရှင်လတ်လတ်မီးရှို့ခံရ၊ သေတဲ့အထိ ရိုက်နှက်ခံရတာတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ခုထိပြန်မပေးဆပ်ရသေးဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုးစစ်ကြောင့် လူထောင်နဲ့ချီသေဆုံးရပြီး ထောင်နဲ့ချီတဲ့အိမ်တွေကို မီးရှို့ရုံမက ဘူဒိုဇာနဲ့ မြေလှန်လိုက်တဲ့အကြောင်း ၊ မိဘတွေလက်ထဲက ကလေးတွေကိုလုပြီး မီးပုံထဲပစ်ထည့်ရင်ပစ် ဒါမှမဟုတ် မြစ်ထဲပစ်ရင်ပစ်တဲ့အကြောင်းနဲ့ မုဒိမ်းမှုတွေလည်း ကျူးလွန်တဲ့အကြောင်း Burma Campaign UK ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီလိုပြစ်မှုတွေ ကျူးလွန်တာ ခွင့်ပြုထားရင် ဆက်လက် ကျူးလွန်နေမှာဖြစ်ပြီး လူတွေပိုမို ဒုက္ခကြုံမယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကို ဆော်သြပါဆိုပြီး Burma Campaign UK က မေတ္တာရပ်ခံလွှာမှာ လက်မှတ်ရေးထိုးဖို့လည်း တိုက်တွန်းပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org