မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ယူရို သုံးသန်းကျော် ဂျာမနီထောက်ပံ့

ထောက်ပံ့မှုကို ပြည်တွင်းက အထိအခိုက်လွယ်သူတွေ၊ ပဋိပက္ခဒဏ်ခံနေရသူတွေကို မြန်မာနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတစ်ဆင့် ပံ့ပိုးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ KIC

ဂျာမနီက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ယူရို ၃ ဒသမ ၃ သန်း ပံ့ပိုးပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံရုံးက မနေ့က ဖော်ပြပါတယ်။

အဲဒီ ထောက်ပံ့မှုကို ပြည်တွင်းက အထိအခိုက်လွယ်သူတွေ၊ ပဋိပက္ခဒဏ်ခံနေရသူတွေကို မြန်မာနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတစ်ဆင့် ပံ့ပိုးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် သံရုံးတာဝန်ခံအကြီးအကဲ York Schuegraf က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Stephen Anderson ကို တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း ဂျာမနီသံရုံးက ဖော်ပြပါတယ်။

ဂျာမနီနိုင်ငံအနေနဲ့ မြန်မာပြည်တွင်းက အထိခိုက်အလွယ်ဆုံး ပြည်သူတွေအတွက် မိတ်ဖက်အဖြစ် ဆက်ရှိနေမယ်လို့ ရေးသားထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စဉ်ဆက်မပြတ်ရနေစေဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ဂျာမနီနိုင်ငံအပါအဝင် ဥရောပသမဂ္ဂက စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်နေတာပါ။

ဥရောပသမဂ္ဂအနေနဲ့ အာဏာသိမ်းနောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ကြိုးပမ်းမယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့က ပြောဆိုထားပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org