ဗြိတိန်ပါလီမန်အမတ်အဖွဲ့ ဗီဇာ ငြင်းပယ်ခံရ

ဒုက္ခသည်အရေးကိစ္စအတွက် မြန်မာအစိုးရ၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ဗြိတိန်ပါလီမန်အမတ်အဖွဲ့ ကို ပြည်ဝင်ခွင့်ဗီဇာ မပေးတဲ့အတွက် အလွန်တရာ စိတ်ပျက်မိတယ်လို့ ဗြိတိန်ပါလီမန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးကော်မတီ CIDC ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ဒုက္ခသည်အရေးကိစ္စအတွက် မြန်မာအစိုးရ၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ဗြိတိန်ပါလီမန်အမတ်အဖွဲ့ကို ပြည်ဝင်ခွင့်ဗီဇာ မပေးတဲ့အတွက် အလွန်တရာ စိတ်ပျက်မိတယ်လို့ ဗြိတိန်ပါလီမန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးကော်မတီ CIDC ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

သူတို့အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ တပ်မတော်ခေါင်းဆောင်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပြီး၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ပညာရေးနဲ့ ကျန်းမာရေးစီးမံကိန်းတွေအတွက် လေ့လာဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့အကြောင်း အဲဒီအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကြောင့် ခုလို ဗီဇာအငြင်းခံရတာဖြစ်နိုင်တယ်လို့ CIDC ကော်မတီဥက္ကဌဖြစ်တဲ့ လေဘာပါတီအမတ် စတီဖင်တွစ်ဂ် က ပြောပါတယ်။

ဒီကော်မတီကို ပြည်ဝင်ခွင့် ငြင်းလိုက်တဲ့အတွက် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာနက ၂၀၁၈-၁၉ မှာ မြန်မာနိုင်ငံကိုပေးဖို့လျာထားတဲ့ ပေါင်သန်းတရာ စီမံချက်အတွက် လေ့လာဖို့ ခက်ခဲသွားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org