မြန်မာ့လေကြောင်း ဥရောပလေယာဉ်တွေ ဝယ်မည်

မြန်မာအစိုးရပိုင် Myanmar Airways လေကြောင်းဌာနအနေ နဲ့ ဒေသတွင်းမှာ အဓိက လေကြောင်းလိုင်း တစ်ခု ဖြစ်လာရေးအတွက် ဥရောပ ATR အမျိုးအစား ပန်ကာတပ်လေယာဉ် အမျိုးအစားသစ် တစ်ဒါဇင်အထိ ဝယ်ယူဖို့ လက်မှတ်ရေး ထိုးလိုက်ကြောင်း မနေ့ကပြောဆို ပါတယ်။

မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI မှ လေယာဉ်တစ်စီး ရပ်နားနေပုံ ဖြစ်ပါသည်။ RFA

မြန်မာအစိုးရပိုင် Myanmar Airways လေကြောင်းဌာန အနေနဲ့ ဒေသတွင်းမှာ အဓိက လေကြောင်းလိုင်း တစ်ခု ဖြစ်လာရေးအတွက် ဥရောပ ATR အမျိုးအစား ပန်ကာတပ်လေယာဉ် အမျိုးအစားသစ် တစ်ဒါဇင် အထိ ဝယ်ယူဖို့ လက်မှတ်ရေးထိုးလိုက်ကြောင်း မနေ့ကပြောဆိုပါတယ်။

Airbus Group နဲ့ အီတလီ ဖင်မက်ကင်နီးကား လေကြောင်းအုပ်စုပိုင် ATR လေယာဉ်ကုမ္ပဏီထုတ် ATR 72- 600 အမျိုးအစား လေယာဉ်တွေဝယ်ယူဖို့ လန်ဒန်မြို့အနီး မနေ့က ကျင်းပခဲ့တဲ့ လေကြောင်းပြပွဲမှာ Myanmar Airways  က လက်မှတ်ရေးထိုးခဲ့တာပါ။

သဘောတူညီချက် အသေးစိတ်ကိုတော့ မသိရပါဘူး။ အဲဒီလေယာဉ်တွေကို ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်အတွင်း တင်ပို့မှာဖြစ်ပြီး၊ Myanmar Airways  မှာလက်ရှိပြေးဆွဲနေတဲ့ ATR လေယာဉ်ဟောင်းတွေ နေရာမှာ အစားထိုးမှာဖြစ်ပါတယ်။

အလားတူ  မြန်မာ Air Mandalay လေကြောင်းလိုင်းကလည်း  MRI ခေါ် ဂျပန် မီဆူဘီရှီ ရီဂျင်နယ် ဂျက်လေယာဉ် ၁ဝ စီးအထိဝယ်ယူဖို့ စီစဉ်ထားတယ်လို့ အင်္ဂါနေ့က ကြေညာပါတယ်။ ဂျပန် MRI လေယာဉ်တွေဟာ ခရီးသည် ၇၀ ကနေ ၉၀ အထိ တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် Air Mandalay လေကြောင်းလိုင်းမှာ ပြည်တွင်းခရီးစဉ် ၁၅ ခု ရှိပြီး ရေနံ ကုမ္ပဏီတွေ အတွက် လည်း လေယာဉ်တွေ ငှားရမ်းထားပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ရေနံချက်စက်ရုံဖြစ်တဲ့ သံလျင်ရေနံချက်စက်ရုံရဲ့ လည်ပတ်ထုတ်လုပ်နိုင်မှုနှုန်း တိုးတက်မြင့်မားလာရေးအတွက် ဖက်စပ်လုပ်ကိုင်နိုင် မယ့် နိုင်ငံခြားကုမ္ပဏီတွေကို အစိုးရကခေါ်ယူနေ ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင်ရာမှာ ရေနံ တင်သွင်းရေး၊ သိုလှောင်ရေးနဲ့ ဖြန့်ချီရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org