ကုလ အထူးကိုယ်စားလှယ် ကချင်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကုလ အထူးကိုယ်စားလှယ်သစ် Ms Yanghee Lee ကို ဇွန်လ ၂၁ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ရစဉ် Photo: Kyaw Myo Min / RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ  ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ဒီနေ့ ဆွေးနွေး ခဲ့တာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အခုလိုပြောပြပါတယ်။

"သူတို့ရဲ့အဓိကတာဝန်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ နောက် ပစ်ခတ်တိုက်ခိုက် မှှု ဖြစ်နေတဲ့နေရာမှာဖြစ်နေတဲ့ ကိစ္စရပ်တွေ ဒါတွေ ပါပဲ၊ လူမျိုးကိုခွဲခြားလို့သော်လည်းကောင်း၊ ဘာသာရေးကို ခွဲခြားလို့သော်လည်းကောင်း ကျနော် တို့ ခွဲခြားဆက်ဆံမှာ မဟုတ်ဘူး၊ အားလုံးကို ကျနော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျောသား ရင်သားမခွဲခြားပဲ အားလုံးကြိုးပမ်းဆောင်ရွက်ပေးဖို့ ပဲရှိပါတယ်"

အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဝိုင်းမော်မြို့နယ် သာဂရ သရက်တောဘုန်းတော်ကြီးကျောင်းကို သွားရောက်ကြည့်ရှုခဲ့ပြီး အဲ့ဒီကတဆင့် ဗန်းမော်မြို့ကို ဒီနေ့ပဲ သွားမယ်လို့ သိရပါတယ်။

Ms Yanghee Lee ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး မနေ့က ရန်ကုန်မြို့မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ရှေ့နေအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါ တယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org