မြောက်ဦးမြို့မရဲစခန်းမှူးကို AA ဖမ်းသွားတယ်ဆိုတာ မဟုတ်ကြောင်းပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းမှူး အပါအဝင် ရဲအရာရှိ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖမ်းဆီးခေါ်သွားတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒါဟာ ကောလာဟလသာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

မြောက်ဦးမြို့မရဲစခန်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းမှူး အပါအဝင် ရဲအရာရှိ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖမ်းဆီးခေါ်သွားတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒါဟာ ကောလာဟလသာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးနဲ့ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးတို့ကို RFA က ဒီနေ့မနက်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒါဟာကောလာဟလ သတင်းမှားသာဖြစ်ပြီးတော့ အဲဒီလို ဖြစ်ရပ်မျိုးမရှိဘူးလို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်စခန်းမှူး ဒုရဲမှူး အောင်သူရက ရက္ခိုင့်တပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်တွေကို တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့အတွက် သူ့ကို မနေ့ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေဟာ မနေ့မနက်ပိုင်းကစပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း အဲဒီသတင်းဟာ လုံးဝမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org