မုံရွာမှာ ပစ်ခတ်နေ၊ သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။

မုံရွာမြို့မှာ စ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံတွေ ဆန္ဒပြနေစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာ ကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။

သေဆုံးသူတွေဟာ ခေါင်းနဲ့ ဆီးခုံတွေကို ကျည်ဆံထိမှန် သေဆုံးသွားတာလို့ မျက်မြင်ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီကနေ့ မုံရွာက သပိတ်လမ်းကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံ ပစ်ခတ်နေတာဖြစ်ပြီး ရပ်ကွက်နေအိမ်လမ်းကြားတွေထဲထိ ဝင်ရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ မုံရွာမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၃ ဦးရှိသွားပါပြီ။

နေ့စဉ် ပစ်သတ်ခံရလို့ လူသေဆုံးမှုတွေ ရှိနေပေမယ့် မုံရွာဒေသခံတွေကတော့ နေ့တိုင်း လမ်းမပေါ်ထွက် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org