မြန်မာစစ်တပ် မလေးရှားမှာ စစ်ပညာသင်မည်

မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနက ကမ်းလှမ်းတဲ့ စစ်ရေးနည်းပညာ သင်တန်း ၁၆ ခုထဲက ၉ ခုကို မြန်မာ စစ်တပ် ထိပ်တန်းအရာရှိတွေ လာရောက်လေ့လာ သင်ကြားမယ်လို့ မလေးရှား အစိုးရ သတင်းဌာန Bernama က ဖော်ပြပါတယ်

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက် ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။ AFP PHOTO/POOL/Soe Zeya Tun

မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းဟာ မလေးရှားနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ရောက်ရှိနေပြီး သုံးရက်ကြာ ခရီးစဉ်အတွင်း မလေးရှား ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်ဘက် သဘောတူခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခု သဘောတူညီချက်ဟာ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာအောင် ဆောင်ရွက်ချက် ဖြစ်တယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး မစ္စတာ Ahmed Zahid က ဆိုပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက စစ်လက်နက်ပစ္စည်း ထုတ်လုပ်နည်းတွေကို လေ့လာမှာ ဖြစ်သလို မလေးရှားထုတ် စစ်လက်နက်ပစ္စည်းတွေကို လည်း မြန်မာအစိုးရက ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဘယ်လိုပစ္စည်းတွေ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ဒုတိယဗိုလ်ချုပ်ကြီး လှမင်းရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၃ဝ အတွင်း မြန်မာအစိုးရဘက်က ပထမဆုံးအကြိမ် သွားရောက်လည်ပတ် တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org