ညောင်ဦးမြို့က စစ်မှုထမ်းဟောင်း နှစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာက စစ်မှုထမ်းဟောင်းနှစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင်နဲ့ ဦးမျိုးစန်းတို့ဟာ စက်တင်ဘာလ ၂၂ ရက် မနေ့ နေ့လယ်ပိုင်းမှာ ညောင်ဦးလမ်းမပေါ်က အညာထန်းရည်ဆိုင်အနီးမှာ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၁ မေ ၃၁ နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာက စစ်မှုထမ်းဟောင်းနှစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင်နဲ့ ဦးမျိုးစန်း တို့ဟာ စက်တင်ဘာလ ၂၂ ရက် မနေ့ နေ့လယ်ပိုင်းမှာ ညောင်ဦးလမ်းမပေါ်က အညာထန်းရည်ဆိုင်အနီးမှာ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဦးစလုံးဟာ စစ်သားဟောင်းတွေဖြစ်ကြပြီး စစ်ကောင်စီအတွက် သတင်းပေးတဲ့အလုပ်ကို လုပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က စစ်ထွက်တွေ၊ ပြီးတော့ ဒလန်လုပ်ပြီး ရွာကလူငယ်တွေကို စောင့်ကြည့်နေကြတာ၊ ဒေသခံတွေ လယ်ထဲသွားရင်တောင် သူတို့ဆီသတင်းပို့နေကြရတာ” လို့ ဒေသခံက ဆိုပါတယ်။

MGN TIGER ပြောက်ကျားအဖွဲ့ကတော့ အဲဒီ စစ်မှုထမ်းဟောင်းသတင်းပေးနှစ်ဦးကို သူတို့အဖွဲ့က ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသနဲ့ ညောင်ဦးမြို့နယ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ပြည်သူ့ဝန်ထမ်း ၂၇၀၀ နီးပါးရှိတဲ့အထဲက ၂၂၀၀ ဝန်းကျင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ဒေသဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org