မိချောင်းကန်ကနေ ပြောင်းရွှေ့ ခံရသူများကို နေရာသစ်မှာ ၆ လသာနေခွင့်ပေး

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်ကနေ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်ကို ပြောင်းရွှေ့ခံလိုက်ကြရသူတွေဟာ အဲဒီနေရာ သစ်မှာ ခြောက်လကြာပဲ နေထိုင်ကြရမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကနေ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်ကို ပြောင်းရွှေ့ခံလိုက်ကြရသူတွေဟာ အဲဒီနေရာသစ်မှာ ခြောက်လကြာပဲ နေထိုင်ကြရမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတယ်လို့ သိရပါတယ်။

သူတို့တွေအတွက် မြေနေရာအတည်တကျ သတ်မှတ်ပေးဖို့ သမ္မတဆီကို တင်ပြတောင်းဆိုပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က RFA ကို ပြောပါတယ်။

"သူတို့ချထားပေးတဲ့နေရာက ရေဝပ်နေတယ်၊ ကျနော်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးတယ်၊ ခင်ဗျားတို့ ဒီဥစ္စာက ကျန်းမာရေးလည်း ထိခိုက်တယ်၊ သူတို့ကယာယီလို့သုံးတဲ့အတွက်ကြောင့်မို့ မသေချာတဲ့သဘောသက်ရောက်နေပြီလေ၊ နောက်ပေးတာက ၂ဝ၊ ၃ဝ ဆိုတော့ မြို့သစ်တွေမှာချပေးတဲ့ အချိုးအစားလည်းမဟုတ်ဘူး၊ အဲဒါကြောင့် အများကြီးနစ်နာတယ်"

စစ်တပ်ပိုင်မြေနေရာဖြစ်တဲ့ မိကျောင်းကန်အပိုင်း ၁၊၂၊၃ ရပ်ကွက်တွေမှာ နှစ်ပေါင်း ၂၀ ကျော်လောက် မြေနေရာငှားပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခဲ့သူတွေဟာ ဇွန်လ ၁၃ ရက်နေ့က ဖယ်ရှားခံလိုက်ရတာပါ။ ဇွန်လ ၁၆ ရက်နေ့မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်မှာရှိတဲ့ လယ်မြေနေရာတွေဆီ ကိုပြောင်းရွှေ့ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြောင်းရွှေ့ခံလိုက်ရသူ စုစုပေါင်း ၁၇ဝ လောက်ရှိပြီး လက်ရှိကျောင်းတက်နေကြတဲ့ မိသားစုဝင်တွေလည်း ရှိနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org