မောင်တောမြို့နယ်ကို သတင်း သမားတွေ သွားရောက်ခွင့်မရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက် ပိုင်းက ကျေးရွာတွေကို အရပ်ဘက်အဖွဲ့ အစည်းတစ်ခုက ဒီနေ့ အကူအညီတွေ သွားရောက်ပို့ဆောင်တာကို သတင်းလိုက်ယူတဲ့ ရခိုင်ပြည် နယ်အခြေစိုက် သတင်းသမားတွေကို မောင်တောခရိုင် အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဒီနေ့ အကူ အညီတွေ သွားရောက်ပို့ဆောင်တာကို သတင်းလိုက်ယူတဲ့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားတွေ ကို မောင်တောခရိုင်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ခဲ့ပါတယ်။

စစ်တွေအခြေစိုက် မေတ္တာအာရီယန်ဖောင်ဒေးရှင်းနဲ့အတူ လွတ်လပ်တဲ့အာရှအသံ RFA ၊ ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ၊ နိရိဉ္ဇရာသတင်းဌာနနဲ့ Skynet ရုပ်သံသတင်းထောက်တို့ စစ်တွေမြို့ကနေ မောင်တောမြို့ကို ဒီနေ့ သွားရောက်ခဲ့ကြတာဖြစ်ပြီး ဘူးသီးတောင်မြို့အရောက်မှာ တားမြစ်ခံရတာဖြစ်ပါတယ်။

အဲဒီဖောင်ဒေးရှင်းနဲ့အတူ လိုက်ပါလာတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ ကတော့ ဒေသခံ သတင်းသမားတွေဖြစ်ပေမယ့် လုံခြုံရေးအရတားမြစ်တာကို နားလည်ပေးဖို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

မေတ္တာအာရီယန်ဖောင်ဒေးရှင်းက မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်၊ ငခူရ၊ ကြိမ်ချောင်း၊ ခြံပြင် စတဲ့ကျေးရွာတွေမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေအကူအညီပေးဖို့ သွားရောက် ခဲ့ကြတာဖြစ်ပါတယ်။

အစိုးရအနေနဲ့ မောင်တော၊ ဘူးသီးတောင်မြို့အပါအဝင် ရခိုင်ပြည်နယ်မှာအခြေစိုက်တဲ့ ဒေသခံသတင်းထောက်တွေ အားလုံးကို မောင်တောအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သွားရောက်သတင်းယူခွင့် တားမြစ်ထားတာဖြစ် ပြီး အစိုးရပိုင်သတင်းမီဒီယာဖြစ်တဲ့ MRTV ကိုတော့ သတင်းယူခွင့်ပြုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org