မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှုလုပ်ဖို့ မလေးရှားတိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုမိုပြီး လက်တွေ့ကျကျ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီးညီလာခံ အစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်နဝါ အီဘရာဟင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရစဥ်။ AFP

မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး EAS မှာ မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်နဝါ အီဘရာဟင်က ပြောကြားလိုက်တာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုမိုပြီး လက်တွေ့ကျကျ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့လည်း ပါဝင်ပါတယ်။

အရှေ့အာရှထိပ်သီးအစည်းအဝေး EAS မှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံနဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ပါဝင်ပါတယ်။ အောက်တိုဘာ ၉ ရက်ကနေ ၁၁ ရက်နေ့အထိကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေ နဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေရဲ့ တစိတ်တပိုင်းအဖြစ် EAS ကို ကျင်းပတာဖြစ်ပါတယ်။

ဒီနေ့ ပိတ်ပွဲအခမ်းအနားမှာ အာဆီယံရဲ့လက်ရှိသဘာပတိ လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မလေးရှားက အာဆီယံကို ဦးဆောင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org