မြိုင်ကြီးငူ ဒုက္ခသည်စခန်း ရိက္ခာပြတ်နေ

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ် ရိက္ခာပြတ်နေပြီး ဒုက္ခသည်တွေအတွက် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။

မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ် ရိက္ခာပြတ်နေပြီး ဒုက္ခသည်တွေအတွက် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။

အစိုးရကရော ပုဂ္ဂလိက အလှူရှင်တွေကရော စက်တင်ဘာလအတွက် စားနပ်ရိက္ခာ လာရောက်လှူဒါန်း ထောက်ပံ့တာတွေ မရှိသေးဘူးလို့ ဦးစောထွန်းက ပြောပါတယ်။

"စားနပ်ရိက္ခာ အခုပြတ်နေပြီ။ ၉ လပိုင်း စားနပ်ရိက္ခာ တစ်ယောက်မှမလာဘူးလေ၊ အစိုးရရော ပုဂ္ဂလိက ရော မပေါ်လာကြဘူးလေ။ အဲဒီ ၉ လပိုင်းအတွက်က ၂ ရက် ၃ ရက် အတွက်တော့ လုံလောက်မှု ရှိသေးတယ်"

အဲဒီဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်က ကရင်ပြည်နယ် မဲသဝေါဒေသမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးပေါင်းတဲ့အဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာကြောင့် ထွက်ပြေးလာကြတာဖြစ်ပါတယ်။

မြိုင်ကြီးငူ ဒုက္ခသည်စခန်းကို အရင်က အစိုးရနဲ့ အရပ်ဘက် အဖွဲ့တွေက စားနပ်ရိက္ခာ ဝိုင်းပြီး လှူဒါန်း ထောက်ပံ့ ကြပေမယ့် နောက်ပိုင်းမှာ လှူဒါန်းမှု နည်းလာတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ လက်ရှိအချိန်မှာ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် သူတို့နေရပ်တွေကိုလည်း မပြန်ရဲ ကြသေးဘူးလို့ ပြောပါတယ်။

အဲဒီ မြိုင်ကြီးငူ ဒုက္ခသည်စခန်းက ဒုက္ခသည် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာအဖြစ် တစ်နေ့ကို ဆန်အိတ် ၃၀ ကျော်လောက် ကုန်ကျတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org