ကချင်ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ပွင့်လင်းမှု ရှိဖို့လိုကြောင်းအဆို လွှတ်တော်အတည်ပြု
ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် နှစ်ဖက် သဘောတူညီထားတဲ့ မူဝါဒ၊ သဘောထား၊ လိုလားချက်တွေကို အီလက်ထရောနစ် အွန်လိုင်းကနေ တစ်ဆင့် ပြည်သူတွေထင်သာမြင်သာရှိအောင် ထုတ်ပြန်အသိပေးတာတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ဒုတိယဥက္ကဌ ကချင်ပြည်နယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်း ခဲ့ပါတယ်။
-
2013-01-11 -
-
-
ကချင်ပြည်နယ်အတွင်းမှာ အခုလို နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စစ်ပွဲပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်ထိတ်လန့်လန့်နဲ့ များစွာဒုက္ဒရောက်နေရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က လွှတ်တော်အစည်းအဝေးမှာ အခုလို ထည့်သွင်းပြောသွားပါတယ်။
"ဒါရဲ့အကျိုးဆက်အဖြစ်နဲ့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ စစ်ရေးပြင်ဆင်တည်ဆောက်မှုများကြားမှာ ပြည်နယ်သူပြည်နယ်သားများဟာ စိုးရိမ်ထိတ်လန့်မှုကြီးစွာနဲ့ များပြားသောဒုက္ခများကို ဆက်လက်ပြီး ခံစားရပါတယ်၊ ဒီနေ့ခေတ်ကာလဟာ တာဝန်ရှိသူကိုယ်စားလှယ်ချင်း မျက်နှာခြင်းဆိုင်တွေ့ဆုံကြမှသာ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ကာလမဟုတ်ပါဘူး၊ နှစ်ဖက်သဘောတူညီထားတဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးပစ္စည်းများဖြင့် မိမိတို့ရဲ့မူဝါဒများ၊ သဘောထားများ၊ လိုလားချက်များကို နှစ်ဦးနှစ်ဖက်သတ်မှတ်ထားသော ကိုယ်စားလှယ်များကနေပြီးတော့ ပြည်သူများထင်သာမြင်သာရှိအောင် ထုတ်ပြန်ခြင်းများ အသိပေးခြင်းများဖြင့် ပွင်းလင်းမြင်သာသောဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ပါတယ်"
အဲဒီအဆိုကို ကချင်ပြည်နယ် တစ်နိုင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ ဦးမျိုးဆွေက ထောက်ခံဆွေးနွေးပြီးတဲ့နောက် ဒီကနေ့လွှတ်တော်မှာ သဘောတူအတည်ပြုခဲ့ပါတယ်။