နိုင်ငံတကာအဆင့်မီ စာနယ်ဇင်းကျောင်း တည်ထောင်မည်

ဥရောပ ၄ နိုင်ငံက စာနယ်ဇင်းကျောင်းတွေ၊ ရုပ်သံလွှင့် အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြန်မာနိင်ငံမှာ ပထမဆုံး နိုင်ငံတကာ အဆင့်မီ သတင်းပညာ သင်တန်းကျောင်းတစ်ခု စတင်တည်ထောင်တော့မယ်လို့ သိရပါတယ်။

ဂျာနယ်ရောင်းနေသော ဈေးသည်တစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ဥရောပ (၄) နိုင်ငံက စာနယ်ဇင်းကျောင်းတွေ၊ ရုပ်သံလွှင့် အဖွဲ့အစည်းတွေရဲ့ အကူအညီ နဲ့ မြန်မာနိင်ငံမှာ ပထမဆုံး နိုင်ငံတကာ အဆင့်မီ သတင်းပညာ သင်တန်းကျောင်းတစ်ခု စတင် တည်ထောင်တော့မယ်လို့ သိရပါတယ်။

ဒီသင်တန်းကျောင်းအတွက် ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်နဲ့ ဆွီဒင်အခြေစိုက် မီဒီယာအဖွဲ့ အစည်းတွေက ကူညီလှူဒါန်းတည်ထောင်ပေးမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကခုလို ပြောပါတယ်။

" J'School တစ်ခုထောင်တယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ထောက်ခံတယ်၊ သို့သော် ထောင်တဲ့ J'School ဟာ တကယ့်ကိုလွတ်လပ်ပြီးတော့ တကယ့်ကို အမှီအခိုကင်းတဲ့ J'School ဖြစ်ဖို့ လိုတယ် ပြန်ကြားရေးနဲ့လည်း လုံးဝပတ်သက်လို့မရဘူး၊ ဘယ် Private Media နဲ့မှ အကျိုးအမြတ် အတွက် တည်ထောင်ထားတဲ့ ပုဂ္ဂလိက ဘယ်မီဒီယာမှ ပါလို့မရဘူး၊ Press Council ကတော့ ဘာရှိလည်းဆိုတော့ မြန်မာပြည် Media Industry ထဲမှာရှိတဲ့ လွတ်လပ်တဲ့ကောင်စီနဲ့ ဆက်သွယ်ပြီး လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ကူညီမယ်လို့တော့ ပြောထားတယ်"

အခုတည်ထောင်မယ့် ကျောင်းမှာ လွတ်လပ်တဲ့ အုပ်ချုပ်မူဘုတ်အဖွဲ့တခု ထားရှိမှာဖြစ်ပြီး၊  အဲဒီဘုတ်အဖွဲ့မှာ အလှူရှင်တွေ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်နေဆဲဖြစ်ပြီး၊ ပထမဆုံး တစ်နှစ် ဒီပလိုမာ သင်တန်းကို အခုနှစ် ဇူလိုင်လ ၁ ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ကျောင်းတည်ထောင်နိုင်ရေးအတွက် သတင်းနဲ့ စာနယ်ဇင်း နယ်ပယ်က ပုဂ္ဂိုလ်တွေကို ဖိတ်ကြားထားပြီး မတ်လ ၂၃ရက်နေ့ကျရင် အစည်းအဝေးတခုကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org