ပါတီ ၆ ခုက လူငယ်တွေ ဂျပန်လေ့လာရေး ခရီးထွက်

၂၀၁၀ ရွေးကောက်ပွဲမှာ ၁၀ နေရာနဲ့ အထက် အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေး ပါတီ ၆ ခုက အသက် ၃၅ နှစ်အောက် ပါတီဝင် လူငယ် ၂၀ ဟာ ပထမဆုံး ပြည်ပ လေ့လာရေး ခရီးစဉ် အဖြစ် ဂျပန်နိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူငယ် အသိ ဖလှယ်ရေး အစီအစဉ်နဲ့ အခုလို သွားရောက်တာ ဖြစ်ကြောင်း အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

ဒီခရီးစဉ်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ၁၀ ဦး ပါဝင်ပြီး ကျန်ပါတီတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီတွေက ၂ ဦးစီ လိုက်ပါ သွားခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန် အစိုးရဟာ အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ဦးဆောင်ဦးရွက် ပြုကြမယ့် လူငယ် လူရွယ်တွေကို အတွေ့အကြုံ ရရှိအောင် ရည်ရွယ်ပြီး ဒီလေ့လာရေး အစီအစဉ်ကို အကောင်အထည် ဖော်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org