မြန်မာနိုင်ငံမှာ ဂျပန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာရှိ

မြန်မာနိုင်ငံက အပြောင်းအလဲ လက္ခဏာတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးပြောဆိုနေကြချိန်မှာ ဂျပန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် များပြားလာဖို့ အလားအလာတွေ ရှိတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA AFP

ဂျပန်နိုင်ငံဟာ မြန်မာနဲ့ ကုန်သွယ်ရေး အပြည့်အ၀ ပြန်လည်စတင်ဖို့ အဆင်သင့် မဖြစ်သေးပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ ဖြည်းဖြည်းချင်း တိုးများလာမယ် ဆိုတာကိုတော့ တွေ့မြင်နေရတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ishikane က ပြောကြားသွားပါတယ်။

ဂျပန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး တစ်စုံတစ်ရာ ဆောင်ရွက်ချင်ပေမဲ့ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အခြေအနေတွေကို သတိကြီးကြီး ထားပြီး စောင့်ကြည့် လေ့လာနေကြောင်း Mr. Ishikane က အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပနေတဲ့ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။

ဒီအတောအတွင်း ဂျပန် ကုန်သည်ကြီးများနဲ့ စီးပွားရေး လုပ်ငန်းရှင်များ အသင်းဟာ မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ စေလွှတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အတွက် အထောက်အကူပြုမဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ အကြားမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ဂျပန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် မနှစ်က နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံက အသေးစား အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် အကူအညီပေးရေး ဆိုင်ရာ ထိန်းချုပ် ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org