အမျိုးသမီးများကို အကြမ်းဖက်မှု ပပျောက်ရေး အခမ်းအနား စစ်တွေမှာ ကျင်းပ

နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်း အနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က စစ်တွေမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကကျင်းပစဉ် Photo: Min Thein Aung/RFA

နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ ထိရောက်တဲ့ဥပဒေတွေနဲ့ ကာကွယ်ဖို့နဲ့ အမျိုးသမီးတွေ အပေါ် နည်းမျိုးစုံနဲ့အကြမ်းဖက်မှုတွေကိုအပေါ် ချက်ချင်းရပ်တန့်ပေးဖို့ စာတန်းပါတဲ့ တီရှပ်တွေကိုလည်း တူညီဝတ်ဆင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုဖြစ်ပွားတာတွေ များလာတဲ့ကိစ္စအပြင် အမျိုးသမီးတွေအပေါ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့ကိစ္စတွေအပေါ်မှာလည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မှာပဲ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကလည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတဝှမ်း ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစိုးရအနေနဲ့လည်း ဥပဒေကြောင်းအရ ဖွဲ့စည်းပုံပြင်ဆင်မှုတွေပြုလုပ်ဖို့နဲ့ အစိုးရအဖွဲ့အစည်းဝင်တွေကို ဖွဲ့စည်းတည်ဆောက်ပုံအရ အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်ခွင့်ကို အဆုံးသတ်ပေးဖို့ အဲဒီကြေညာချက်မှာ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org