စက်မှုဝန်ကြီးဌာန ကျပ်ငွေ ၉ဝ ဘီလီယံ အရှုံးပေါ်

စက်မှုဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနှစ် ၂ နှစ်တာကာလအတွင်း ငွေကျပ် ၉၀ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။

စက်မှုဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနှစ် ၂ နှစ်တာကာလအတွင်း ငွေကျပ် ၉၀ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က  ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေက စီမံခန့် ခွဲပြီး အရှုံးပေါ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေအခြေအနေနဲ့ ပုဂ္ဂလိကပိုင်ပြုမှု အခြေအနေတွေကို ဝန်ကြီး ဌာနတွေက တင်ပြရာမှာ ဒုတိယဝန်ကြီး ဦးသိန်းအောင်က အခုလို ပြောကြားခဲ့တာပါ။

"၂၀ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ် မှာဆိုလို့ရှိရင် ကျနော်တို့ စုစုပေါင်း ၃၆.၅၂၃ ဘီလီယံ ရှုံးခဲ့ပါတယ်၊ လုပ်ငန်းခြောက်ခုမှာ လုပ်ငန်းနှစ်ခုပဲ မြတ်ပြီးတော့ လုပ်ငန်းလေးခုကအရှုံးနဲ့ရင်ဆိုင်လာခဲ့ရပါတယ်၊ အလားတူပါပဲ ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ် မှာဆိုလို့ရှိရင် ကျနော်တို့ဝင်ငွေဟာ ၁၃ဝ.၈၄၅ ဘီလီယံ အသုံးစရိတ်က ၁၈၂.၆၃၂ ဘီလီယံ ဖြစ်တဲ့အတွက်ကြောင့် ၅၁.၇၈၇ ဘီလီယံ အထိ ရင်ဆိုင်လာခဲ့ရပါတယ်"

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စက်မှုဝန်ကြီးဌာနအပြင် ပြန်ကြားရေး၊ သမဝါယမ၊ မွေးမြူရေး ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်စတဲ့ စတဲ့ဝန်ကြီးဌာနတွေကလည်း အရှုံးပေါ် နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org