နယ်စပ်ပြဿနာ တစ်စုံတရာမရှိဘူးလို့ အိန္ဒိယပြော
မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက် နယ်ခြားမှတ်တိုင်တွေ သတ်မှတ်ထားတဲ့ကိစ္စမှာ နှစ်နိုင်ငံ သဘောတူညီမှု အတိုင်းပဲဖြစ်ပြီး၊ မြန်မာနဲ့နယ်စပ်မှာ ပြဿနာဖြစ်နေတယ်၊ မဏိပူရပြည်နယ်အတွင်းက နယ်ခြားမှတ်တိုင် ၉ ခု ဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ အိန္ဒိယအစိုးရ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောကြားလိုက်ပါတယ်။
-
2018-08-02 -
-
-
မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက် နယ်ခြားမှတ်တိုင်တွေ သတ်မှတ်ထားတဲ့ကိစ္စမှာ နှစ်နိုင်ငံ သဘောတူညီမှု အတိုင်းပဲ ဖြစ်ပြီး၊ မြန်မာနဲ့ နယ်စပ်မှာ ပြဿနာဖြစ်နေတယ်၊ မဏိပူရပြည်နယ်အတွင်းက နယ်ခြားမှတ်တိုင် ၉ ခု ဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ အိန္ဒိယအစိုးရ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အိန္ဒိယ အထက်လွှတ်တော်မှာ မေးမြန်းခဲ့တာကို ဒု-ဝန်ကြီးက နှစ်နိုင်ငံကြားမှာ နယ်စပ်ပြဿနာ တစုံတရာ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မိုင် ၉ဝဝ ကျော်ရှည်လျားတဲ့ မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နယ်နမိတ် မတိကျသေးဘဲ ဖြစ်နေတာ ၁ဝ၆ မိုင်သာ ရှိပြီး၊ သတ်မှတ်ဖို့လဲ နှစ်နိုင်ငံ စီစဉ်နေကြောင်း၊ နယ်စပ်ပြဿနာဟာ ထိလွယ်ရှလွယ် ရှိတာ ကြောင့် တချို့သတင်းမှားတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ဒု ဝန်ကြီးက ပြောခဲ့ပါတယ်။