မြန်မာနိုင်ငံလူ့အခွင့်အရေး သိသိသာသာ နိမ့်ကျလာကြောင်း HRW ထောက်ပြ
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေနေ ဟာ သိသိသာသာကျဆင်းလာခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းရရှိထားတဲ့ လူ့အခွင့်အရေး အခြေနေဟာလည်း နှေးကွေးလာကြောင်း အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန် လိုက်တဲ့၂ဝ၁၅ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေး အစီရင်ခံစာ သစ်ထဲမှာ ဖော်ပြလိုက်ပါတယ်။
-
2015-01-29 -
-
-
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေနေဟာ သိသိသာသာကျဆင်းလာခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းရရှိထားတဲ့ လူ့အခွင့်အရေးအခြေနေဟာလည်း နှေးကွေးလာကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့၂ဝ၁၅ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေး အစီရင်ခံစာသစ်ထဲမှာ ဖော်ပြလိုက်ပါတယ်။
စစ်တပ်ကကြီးစိုးထားတဲ့ မြန်မာအစိုးရဟာ မွတ်စလင် ရိုဟင်ဂျာတွေကို ဖိနှိပ်ထားပြီး ဖွံ့ဖြိုးစ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကိုလည်း ကန့်သတ်လာသလို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ပင်ခဲ့တာတွေ့ရကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့် ကန့်သတ်တဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ ဆောင်ရွက်ချက်တွေ၊ လွတ်လပ်စွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေရဲ့ အားနည်းချက်တွေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စစ်တပ်ကအသာစီးနဲ့ ထိန်းချုပ်ထားတာတွေကိုလည်း စာမျက်နှာ ၆၅၀ ကျော်ရှိတဲ့ အဲဒီ့အစီအရင်ခံစာမှာ ထောက်ပြဝေဖန်ထားပါတယ်။