လူဦးရေ ထိန်းညှိဥပဒေ HRW ဝေဖန်

ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေ ကို မြန်မာအာဏာပိုင်တွေ ဖိနှိပ်ဖို့ အသုံးချ နိုင်တဲ့ လူဦးရေတိုးပွားထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လွှတ်တော်က ပယ်ချသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် HRW- Human Rights Watch လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေကို မြန်မာအာဏာပိုင်တွေ ဖိနှိပ်ဖို့ အသုံးချနိုင်တဲ့ လူဦးရေတိုးပွားထိန်း ညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လွှတ်တော်က ပယ်ချသင့်တယ်လို့ အမေရိ ကန်ပြည်ထောင်စုအခြေစိုက် Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီဥပဒေကြမ်းကို ရုပ်သိမ်းဖို့ အလှူရှင်နိုင်ငံတွေနဲ့ သက်ဆိုင်ရာ အစိုးရတွေက လူသိရှင်ကြား တိုက်တွန်းသင့်တယ် လို့လည်း HRW ကြေငြာချက်မှာဖော်ပြထားပါတယ်။

ဒီဥပဒေကြမ်းမှာ သားဆက်ခြားတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာဟာ ဘယ်အချိန် ရောက်ရင် ကလေးယူ မယ်လို့စီစဉ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ အခွင့်အရေးနဲ့ ပုဂ္ဂလိကအခွင့်အရေးကို ထိပါးချိူးဖောက်ရာရောက်တယ် လို့ ဖော်ပြပါတယ်။

အိမ်ထောင်ရှင်မိခင်တစ်ဦးဟာ ကလေးတစ်ယောက် မွေးဖွားပြီးရင် အနည်းဆုံး ၃၆ လ ခြားပြီးမှ နောက်ထပ် ကလေးမွေးဖွားရမယ်လို့ ကန့်သတ်ထားတာကို ထောက်ပြတာပါ။

ဒီဥပဒေကြမ်းရေးဆွဲတဲ့နေရာမှာလည်း ဒါကိုအများဆုံးအကျိုးသက်ရောက်ခံစားရမယ့် အမျိုးသမီးတွေ မပါဝင်ဘူး လို့ ဝေဖန်ပါတယ်။

မ-ဘ-သ လို့ခေါ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ဘုန်းတော်ကြီး တွေက ဖိအားပေးလို့ ဒီဥပဒေကြမ်းရေးဆွဲတာလို့လည်း HRW က ပြောပါတယ်။ မ-ဘ-သ ဟာ အစွန်းရောက်အမျိုးသားရေး ဝါဒီတွေဖြစ်ပြီး မွတ်စလင်ဆန့်ကျင်တဲ့ အရှိန် သြဇာကြီးမားတဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ အဖွဲ့ အစည်းဖြစ်တယ် လို့လည်း ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org