ပုဒ်မ ၄၃၆ ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကော်မတီဆုံးဖြတ်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ် လိုက်တယ်လို့ သတင်းရရှိပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လူထုဟောပြောပွဲ တစ်ခုကို တွေ့ရစဉ် Photo: RFA

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင် သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင် အထည်ဖော် မှု ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ သတင်းရရှိ ပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်နေ့က ပြုလုပ် တဲ့ ကော်မတီအစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်ဖို့ခက်ခဲနေတဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်ကို ဒီမိုကရေ စီဘောင်အတွင်း ထည့်သွင်းနိုင်ရေး စတာတွေကို အကြိတ်အနယ် ဆွေးနွေးပြီးနောက် သဘောတူညီ ချက်တွေ ရရှိခဲ့တဲ့အကြောင်း ကော်မတီဝင် တစ်ဦးဖြစ် တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေး သားပါတယ်။

ကော်မတီက သဘောတူလိုက်ပေမဲ့ လွှတ်တော်မှာ နောက်ထပ်ဆောင်ရွက်စရာ အဆင့်တွေ အများကြီး ရှိနေသေးတဲ့အတွက် လက်ရှိအတည်ပြုပြောလို့ မရနိုင်သေးဘူးလို့ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” အစည်းအဝေးတွေကို လွှတ်တော်စတင်မယ့် မေလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ က ပြင်ဆင်ဖို့ခက်ခဲနေတဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းနိုင်ရေး စတာတွေကို အကြိတ်အနယ် ဆွေးနွေးပြီးနောက် သဘောတူညီချက်တွေ ရရှိခဲ့တဲ့အကြောင်း ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေးသားပါတယ်။

ကော်မတီက သဘောတူလိုက်ပေမဲ့ လွှတ်တော်မှာ နောက်ထပ်ဆောင်ရွက်စရာ အဆင့်တွေ အများကြီး ရှိနေသေးတဲ့ အတွက် လက်ရှိအတည်ပြုပြောလို့ မရနိုင်သေးဘူးလို့ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” အစည်း အဝေးတွေကို လွှတ်တော်စတင်မယ့် မေလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org