မီးလောင်မှုစုံစမ်းရေး ကော်မရှင်ရဲ့ အဖြေကို အစ္စလာမ် အဖွဲ့အစည်းတွေ မျှော်လင့်နေ

ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကိုသိရှိဖို့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ တိကျမှန်ကန်တဲ့အဖြေကို မူဆလင်အဖွဲ့အစည်းတွေက လိုလားနေကြကြောင်း မြန်မာ မူဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်က ဒီကနေ့ ပြောကြား ပါတယ်။

ဧပြီလ ၂ ရက်နေ့မနက်က မီးလောင်ကျွမ်းခဲ့တဲ့ ၄၈ လမ်း ဗလီကျောင်းရှေ့တွင် မီးငြိမ်းသတ်နေတဲ့ မီးသတ်နဲ့ ရဲများကို တွေ့ရစဉ် photo: RFA/ Moe Thu Aung

ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကိုသိရှိဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တိကျမှန်ကန်တဲ့အဖြေကို မူဆလင်အဖွဲ့အစည်းတွေက လိုလားနေကြကြောင်း မြန်မာမူဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်က ဒီကနေ့ ပြောကြားပါတယ်။

မီးလောင်မှုမှာ ဘာသာရေး စာသင်ကျောင်းသား ၁၃ ဦးသေဆုံးခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပေမယ့် မကြာခင်ကဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ အကြမ်းဖက်မှုတွေကြောင့် သံသယကင်းရှင်းနိုင်ရေးအတွက် စုံစမ်းရေးကော်မရှင်ရဲ့ ဖော်ထုတ်ချက်ကို စောင့်မျှော်နေကြတာလို့ မြန်မာမူဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ဗိုလ်တထောင် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စာသင်သားကလေးငယ်တွေ အခန်းထဲမှာ ပိတ်မိသေဆုံးခဲ့ပါတယ်။ မီးဟာ ဗလီအပေါ်ထပ်ကိုတက်တဲ့ လှေကားအောက်မှာထားရှိတဲ့ အင်ဗာတာကနေ စတင်လောင်ကျွမ်းပြီး အနီးမှာရှိတဲ့ ဒီဇယ်ပုံးကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဗလီမှာညအိပ်ခဲ့တဲ့ စာသင်သား ၃ ဦး ထွက်ဆိုချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဗလီတာဝန်ရှိသူ ၂ ဦးကိုလည်း အမှုဖွင့်အရေးယူထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org