ဖားကန့်မှာ လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်း ဒေသဖက်ကို ကုန်းလမ်း နဲ့ ရေကြောင်းတွေကနေ စက်သုံးဆီ သယ် ယူဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ဖါးကန့်ဒေသ မှာ လောင်စာဆီ အဆမတန် ဈေးနှှုန်း တွေကြီးမြင့်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသဖက်ကို ကုန်းလမ်းနဲ့ ရေကြောင်းတွေကနေ စက်သုံးဆီ သယ် ယူဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ဖါးကန့်ဒေသမှာ လောင်စာဆီ အဆမတန် ဈေးနှှုန်း တွေကြီးမြင့်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ဓါတ်ဆီတစ်ဂါလန် သောင်းနှစ်ထောင်အထိ ဈေးမြင့်တက်သွားတဲ့အကြောင်း ဖားကန့်မြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်စိုးက အခုလိုပြောပါတယ်။

"အခုခေတ်မှာ ၁၂၀၀ဝ ရှိနေတယ်ဗျ၊ တစ်ဂါလံဈေးနဲ့ ဒီဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်ခါမှ မကြားဖူး တဲ့ ဈေးကို ကျနော်တို့ ကြုံတွေ့နေရတယ်၊ လောင်စာဆီဈေးတက်ပြီးတော့ ကျန်တဲ့ အခြေခံ စားကုန်ဈေးနှှုန်း နဲ့စာရင် ဒါအများကြီးတက်တော့မှာ အများကြီး သေချာနေပြီ၊ အခုဆီကို ကျနော်တို့ ဖားကန့်ဒေသကို မသယ် ခိုင်းဘူး၊ကုန်းလမ်းက ဆီသယ်တာကို ပိတ်ထားတဲ့အပြင်၊ ရေလမ်းက ဆီသယ်လာတဲ့လမ်းကိုလည်း ပိတ် ထားတယ်၊ မိုးကောင်းကနေတက်လာတဲ့ လမ်းကြောင်းက ဆီသယ်လာတဲ့ လမ်းကြောင်းတွေလည်း ပိတ်ထားတယ် ဆိုတော့ ဒီဆီတွေဟာ ကျနော်တို့ ဒေသကို ရောက်မလာတဲ့ အခါကျတော့ ဒီမှာ ဆီပြတ်တာ နဲ့အတူ ဆီဈေးနှှုန်းကြီးမြင့်မှှုကို ခံနေရတယ်"

စစ်ကိုင်းတိုင်းဒေသကြီးဘက်ကနေ ကချင်ပြည်နယ်ဘက်ကို ရေလမ်းနဲ့ ကုန်းလမ်း နှစ်ခုစလုံးကနေ မသယ်ဖို့ စစ်တပ် က ဇွန်လ ၁၃ ရက်နေ့ကတည်းက တားမြစ်ထားတာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org