Facebook က တပ်မတော်စာမျက်နှာတွေ ဖယ်ရှားဖို့ Burma Campaign UK တောင်းဆို

မြန်မာ့တပ်မတော် သို့မဟုတ် တပ်မတော်က ပိုင်ဆိုင်ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေက ရေးသားနေတဲ့ Facebook ဖေ့စ်ဘွတ် စာမျက်နှာ ၂၅ ခုကျော်ကို ဖယ်ရှားပေးဖို့ လန်ဒန်အခြေစိုက် Burma Campaign UK မြန်မာပြည်အရေး လှုပ်ရှားမှုအဖွဲ့က ဖေ့စ်ဘွတ်ကုမ္ပဏီကို ဒီကနေ့ ဇွန်လ ငါးရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြဝတီ သတင်းစာ facebook စာမျက်နှာကို တွေ့ရစဉ် ဓာတ်ပုံ - မြဝတီနေ့စဉ်သတင်းစာ

မြန်မာ့တပ်မတော် သို့မဟုတ် တပ်မတော်က ပိုင်ဆိုင်ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေက ရေးသားနေတဲ့ Facebook ဖေ့စ်ဘွတ် စာမျက်နှာ ၂၅ ခုကျော်ကို ဖယ်ရှားပေးဖို့ လန်ဒန်အခြေစိုက် Burma Campaign UK မြန်မာပြည်အရေး လှုပ်ရှားမှုအဖွဲ့က ဖေ့စ်ဘွတ်ကုမ္ပဏီကို ဒီကနေ့ ဇွန်လ ငါးရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီ စာမျက်နှာတွေထဲမှာ တပ်မတော် ကြည်း၊ ရေ၊ လေ စာမျက်နှာတွေ၊ တပ်မတော် မဂ္ဂဇင်း၊ မိုင်တဲလ်၊ ပြန်ကြားရေးကော်မတီ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြဝတီ သတင်းစာ၊ မြဝတီ ရုပ်သံ၊ မြဝတီဘဏ်၊ မန္တလေးဘီယာ၊ ဗန္ဓုလ ပါရမီ သယ်ယူပို့ဆောင်ရေး၊ ရွှေဂန္ဓမာ ရောင်းဝယ်ရေး၊ ကန်သာယာဆေးရုံ၊ ရွှေဖီဦးလဘက် စတဲ့ စာမျက်နှာတွေပါဝင်ပါတယ်။

တပ်မတော်ကိုယ်စားပြု အဲဒီ Facebook စာမျက်နှာတွေမှာ Followers လိုက်ပါကြည့်ရှုသူ သုံးသိန်းရှိတဲ့အတွက် အမုန်းတရား ပျံ့ပွားအောင် သွေးထိုးလှုံ့ဆော်မှုတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေ၊ ဘာသာရေးအရ လူနည်းစုတွေအပေါ် တိုက်ခိုက်ချေမှုန်းရေး အထောက်အကူအဖြစ် အချိန်မရွေး အသုံးချနိုင်တယ်လို့လည်း  Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု ကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဲဒီ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မိုင်တဲလ် စာမျက်နှာတွေမှာ စီးပွားရေး လုပ်ငန်းကြော်ငြာတွေပဲ ရေးသားတင်ပြနေတာဖြစ်ပြီး လူမျိုးရေးသွေးထိုးမှုနဲ့ အမုန်းတရားတွေ မတွေ့ရှိရကြောင်း ဧရာဝတီ သတင်းဌာနကို ပြောကြားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Facebook ကုမ္ပဏီရဲ့ တုန့်ပြန်ပြောကြားချက်ကို မသိရှိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org