အလုပ်အကိုင်အခွင့်အလမ်း အတွက် ရခိုင်မှာ အထည်ချုပ် လုပ်ငန်း စတင်နေကြောင်း ဝန်ကြီးပြော

ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့် အလမ်းတွေပေါ်ပေါက်လာဖို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီက အထည်ချုပ်လုပ် ငန်းတွေ အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို မတ်လ ၄ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာဖို့အတွက် ရခိုင်ပြည်နယ်တည်ငြိမ် အေး ချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီက အထည်ချုပ်လုပ်ငန်းတွေ အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။

အသက်မွေးဝမ်းကြောင်းပညာတွေကို ဦးစားပေးဆောင်ရွက်နေပြီး အထည်ချုပ်လုပ်ငန်းတွေ စတင်ဖော်ဆောင်နေ ပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

"အသက်မွေးဝမ်းကြောင်းပညာတွေတတ်အာင် ဦးတည်ဆောင်ရွက်နေပါတယ်။ Smart အဖွဲ့နဲ့ပူးပေါင်းပြီး အထည်ချုပ်စက်ရုံလုပ်တယ် အဲ့မှာ လုပ်သား ၁၀၀ လောက်အလုပ်ရကြတယ်။ တချို့လည်းဒီမှာ အလုပ်ပြန်လာလုပ်ကြတာတွေရှိတယ်။ စစ်တွေ ပတ်ဝန်းကျင်က အများကြီး အလုပ်တွေ ရကြတာပေါ့ အခုက စဖော်ဆောင်နေပါပြီ"

ဒေသတွင်းပြန်လည်နေရာချထားရေးလုပ်ငန်းတွေအတွက် စစ်တွေ၊ ရမ်းဗြဲနဲ့ ကျောက်ဖြူ မြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီအောက်က လုပ်ငန်းကော်မတီ တစ်ခု ဖြစ်တဲ့ ဒေသတွင်းပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ဒေသတစ်ခုလုံး ဖွံဖြိုးတိုးတက်ရေးအတွက် ၅ နှစ် စီမံကိန်းကိုလည်း ရေးဆွဲဖော်ဆောင်ဖို့ စီစဉ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org