၂၀၁၅ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးမည်လို့ ဥက္ကဌ ပြောကြား
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာပြုလုပ် တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးပြောကြားလိုက်ပါတယ်။
-
2015-01-26 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သန်းကျော်အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးမှာပါလို့လည်း ပြောသွားပါတယ်။
ရွေးကောက်ပွဲ နောက်ပြန်လှည့်သွားနိုင်မယ်လို့ ပြောနေကြတာရှိတဲ့အတွက် မဖြစ်မနေကျင်းပမှာဖြစ်ကြောင်း ဦးတင်အေးက ပြောခဲ့တာလို့ ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
တောင်ကြီးမြို့နယ် NLD ဥက္ကဌ ဒေါ်ခင်မိုးမိုးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်း ထားပါတယ်။