ပညာရေးစနစ် ညီလာခံ အကြံပြုချက်တွေ လွှတ်တော်ကို တင်ပြမည်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဒီကနေ့ စတင်ကျင်းပ တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ညီလာခံကနေ ပညာရေးဆိုင်ရာ အကြံပြုချက် စာတမ်းထုတ်ပြန်သွားပြီး လွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဇွန်လ ၈ ရက်နေ့က စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တွေ့ရစဉ် photo: RFA/ Thiha Tun

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ခဝဲခြံ  မျက်မမြင်ကျောင်းမှာ ဒီကနေ့ စတင်ကျင်းပ တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်  ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ပညာရေး ဆိုင်ရာအကြံပြုချက် စာတမ်းထုတ်ပြန်သွားပြီး လွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ပညာရေးညီလာခံက ပညာရေးဆိုင်ရာ အကြံပြုချက်စာတမ်း  ထုတ်ပြန် သွားနိုင်ဖို့ ညီလာခံတက်ရောက်နေတဲ့ ဒေသ အသီးသီးက ကိုယ်စားလှယ်တွေနဲ့  ပညာရေး ဝန်ထမ်းဟောင်းတွေ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ဒီညီလာခံကို ဦးဆောင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ပညာရေးကွန်ရက်အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး  ဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောပါတယ်။

"ကျနော်တို့ ညီလာခံကတင်ပြတဲ့ အကြံပေးမူဝါဒဆိုင်ရာ အကြံပေးချက် ထွက်ပေါ်လာမှာဖြစ်ပါတယ်၊ အဲဒီအကြံပေးချက်တွေကို ကျနော်တို့က ပြည်သူ့လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှုကော်မတီမှာ တင်သွင်းမှာဖြစ်ပါတယ်၊ ဒီပညာရေးဆိုင်ရာ မူဝါဒ၊ မူကြမ်းကနေ အမျိုးသားပညာရေး မူဝါဒ ဖြစ်ပေါ်လာဖို့ ကျနော်တို့ရည်ရွယ်တယ်၊ အမျိုးသားပညာရေး မူဝါဒ ဖြစ်လာရင် ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားပညာရေးဥပဒေတစ်ရပ် ရရှိလာမယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်"

၂ဝ၁၂ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ပညာရေးဆွေးနွေးပွဲနဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ အကြံပြုချက်တွေကိုအခြေခံပြီး ဒီညီလာခံက ပညာရေးဆိုင်ရာ အကြံပြုချက်စာတမ်း ထုတ်ပြန်သွားမှာလို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org