၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ စည်းဝေးပွဲ စတင်

၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် မြန် မာအပြည်ပြည်ဆိုင်ရာညီလာခံ ဗဟိုခန်းမ ၁ မှာ တနင်္လာနေ့ မနက်ပိုင်းက စတင်ကျင်းပခဲ့ရာမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း စကား ပြောကြားခဲ့ပါတယ်။

၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်း အနားကို နေပြည်တော် မြန် မာအပြည်ပြည်ဆိုင်ရာညီလာခံ ဗဟိုခန်းမ ၁ မှာ တနင်္လာနေ့ မနက်ပိုင်းက စတင် ကျင်းပခဲ့ရာမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း စကား ပြောကြားခဲ့ ပါတယ်။

ဒါ့ပြင် အာဆီယံဒေသကို တည်တည်ငြိမ်ငြိမ်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး၊ အချိုးညီညီ တိုးတက်ဖွံ့ဖြိုးတဲ့၊ ဆင်းရဲမှုနဲ့ လူမှုစီးပွားကွာခြားမှု နည်းပါးတဲ့ဒေသဖြစ်လာဖို့ အာဆီယံခေါင်းဆောင်တွေ ၁၉၉၇ ခုနှစ်က အာဆီယံ မျှော်မှန်း ချက် ၂ဝ၂ဝ ကို ကြေညာခဲ့ကြောင်း၊ ဒီနှစ် အာဆီယံရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေ စည် အသိုက်အဝန်းဆီ ဆိုတဲ့အတိုင်း ငြိမ်းချမ်းသာယာပြီး စီးပွားရေး ရှင်သန်သွက်လက်တဲ့ အသိုက်အဝန်းဖြစ် လာအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းကြောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝိုင်း ပေါ်ပေါက်လာတဲ့အခါ အသင့်ဖြစ်အောင်၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့၊ ပုဂ္ဂလိကကဏ္ဍကို အားပေးဖို့ အစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံမှာ စတင်ပြင်ဆင်နေပြီလို့လည်း သမ္မတ ဦးသိန်းစိန်က ပြောကြား ခဲ့ပါတယ်။

ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီး ဂရီဂိုရီ ဒိုမင်ဂို ကတော့  အာဆီယံရဲ့ အခုထိ အနေအထားကတော့ လုပ်ငန်း ကြီးတွေရဲ့ စည်းမျဉ်းတွေအောက်မှာပဲ ရှိနေဆြဲဖစ်ပါတယ်။

SMES ခေါ် အသေးစားနဲ့ အလတ်စား စွန့်ထွင်လုပ်ငန်းတွေအတွက် စည်းမျဉ်းတွေ ပိုပြီးလွယ်ကူရှင်း လင်းအောင် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး အင်ဒရူးရော့ဘ်ကတော့ သြစတြေးလျအနေ နဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ  အထူးသဖြင့် ပညာရေးအခွင့်အလမ်းတွေ ပိုမိုပွင့်လင်း လာရေးအတွက် အရေးပါတဲ့ကဏ္ဍကနေ အားပေးကူညီသွားမှာဖြစ်သလို ကုန်သွယ်ရေးကဏ္ဍမှာလည်း ကူညီမှာဖြစ်ကြောင်း ပြောကြားပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဆီယံ နိုင်ငံတွေနဲ့တကွ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ ရုရှား၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ အမေရိကန် စတဲ့နိုင်ငံတွေ ပါဝင်တက်ရောက်ကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org