ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်ကပစ်လို့ ပြည်သူ တစ်ဦး ကျည်အစစ် ထိမှန်

ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ ပြည်သူတွေရဲ့ ခံတပ်အတားအဆီးတွေကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ဧပြီလ ၂၆ ရက် မနေ့က လိုက်လံဖျက်ဆီး ရင်းပစ်ခတ်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးပေါ်လူ ကျည်အစစ် ထိမှန်သေဆုံးသွားပါတယ်။

ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သူ တစ်ဦးကို ၂၀၂၁ ဧပြီ ၂၆ ရက်နေ့က တွေ့ရစဉ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ ပြည်သူတွေရဲ့ ခံတပ်အတားအဆီးတွေကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ဧပြီလ ၂၆ ရက် မနေ့က လိုက်လံဖျက်ဆီးရင်းပစ်ခတ်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးပေါ်လူ ကျည်အစစ် ထိမှန်သေဆုံးသွားပါတယ်။

အတားအဆီးတွေကို လိုက်လံဖျက်ဆီးချိန် ပြည်သူနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိပြီး တချို့နေရာတွေမှာတော့ ပြည်သူတွေဘက်က ပြန်လည်ခုခံခဲ့ကြတာဖြစ်ပါတယ်။

၆ မိုင်ကျေးရွာမှာနေတဲ့ ဒေသခံလူငယ်တစ်ယောက်ကတော့ သူနေတဲ့ရွာက ဒေသခံတစ်ယောက် ကျည်အစစ် နဲ့ အချက်အများကြီးထိထားတာ တွေ့ရကြောင်းနဲ့ ရာဘာကျည်ထိတာက သုံးယောက်ရှိတယ်လို့ RFA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့အဝင်နဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေက သဲအိတ်တွေ၊ မြေအိတ်တွေနဲ့ အကာအကွယ် ပြုလုပ်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ပစ်ခတ်မှုကြောင့် ကယားပြည်နယ်မှာ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း လေးယောက်ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org