မင်္ဂလာပါ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ရှေ့လစမယ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရ။ (Photo: thisprisonwhereilive.co.uk) Photo: thisprisonwhereilive.co.uk

လွတ်လပ်မှုကို ဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲ ဒုတိယ အကြိမ်မြောက် အဖြစ် သြဂုတ်လ ၁၈ ရက်နေ့မှာ စတင်ပြီး ၃ လကြာ ကျင်းပသွားမှာ ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် Art of Freedom လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ထက် ထူးခြားစွာ ဓာတ်ပုံဆောင်းပါး ကဏ္ဍအပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်းပြိုင်ပွဲလည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသီချင်းပြိုင်ပွဲကို ကျင်းပရတာကလည်း မြန်မာလူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသား ဂုဏ်ပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ခေတ်ပေါ်ပုံစံနဲ့ရော မြန်မာသံစဉ်နဲ့ပါ သီဆိုခွင့်ရှိကြောင်း သိရပါတယ်။ ဆုရွေးချယ်ပွဲကို ဇန်နဝါရီလ ၄ ၇က်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ပြီး ကိုဇာဂနာနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org