ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနဲ့ ပိုမိုပူးပေါင်းဖို့ မိုဒီ ပြောကြား
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။
-
2018-01-24 -
-
-
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Narendra Modi Twitter
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။
နယူးဒေလီမြို့မှာ ဒီကနေ့စတင်မယ့် အိန္ဒိယနဲ့ အာဆီယံအဖွဲ့ ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးညီလာခံမှာ တရုတ်နိုင်ငံရဲ့ ဒေသအတွင်း သြဇာလွှမ်းတာကို တုံ့ပြန်မှုအဖြစ် အဲဒီ ၁ဝ နိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယက ကြိုးစားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံပြီး ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးပြဿနာတွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။