ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံကိုယ်စားလှယ်တွေ့ဆုံရေး စစ်ကောင်စီငြင်းပယ်

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းသံအမတ် Erywon Yusof အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြု နိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ Photo: AFP

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းသံအမတ် Erywon Yusof အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြုနိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။ တရားဥပဒေနဲ့မညီတဲ့အတွက် ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရားဥပဒေနဲ့ ရင်ဆိုင်နေရသူတစ်ဦးကို ဘယ်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံခွင့်ပြုမှာမဟုတ်ကြောင်း ဘယ်နိုင်ငံကမှ တည်ဆဲဥပဒေကို ကျော်လွန်ပြီး ခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်ခြစားမှု အပါအဝင် ရာဇဝတ်မှု ၁၁ မှု နဲ့ တရားစွဲဆိုထားတာပါ။

ဒီအတောအတွင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်း Bill Richardson ဟာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူး‌ကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ အမေရိကန်အစိုးရနဲ့ မသက်ဆိုင်ဘဲ COVID-19 ကာကွယ်ဆေးနဲ့ ဆေးဝါးပစ္စည်း အထောက်အပံ့တွေ လူသားချင်းစာနာကူညီရေး ကိစ္စတွေအတွက် ဖြစ်ကြောင်း မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org