အာဏာမသိမ်းခင်က တရားစွဲထားတဲ့ ရာဇဝတ်မှုတွေ ရုပ်သိမ်းမယ်လို့ စစ်ကောင်စီကြေညာ

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ အဲဒီနေ့မတိုင်ခင်က တရားရုံးမှာစွဲဆို ထားတဲ့ အမှုအမျိုး အစားတချို့ကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း မနေ့က ဇူလိုင်လ ၂၀ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

၂ဝ၂၁ ဧပြီလက အင်းစိန်ထောင်မှာ အကျဉ်းသားများ ပြန်လွှတ်ရန် ပြင်ဆင်နေသော ထောင်ဝန်ထမ်းများအား တွေ့ရစဉ်။ File Photo: AFP

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ အဲဒီနေ့မတိုင်ခင်က တရားရုံးမှာစွဲဆိုထားတဲ့ အမှုအမျိုး အစားတချို့ကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း မနေ့က ဇူလိုင်လ ၂၀ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါ တယ်။

ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းပြီး တရားခံတွေကို အမှုက ချက်ချင်းလွှတ်ရမယ်လို့ ဖော်ပြပါတယ်။ ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေ - စတဲ့ ပြစ်မှုတွေ အကျုံးဝင်ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ကုသနိုင်ရေး အတွက်ဆိုပြီး ပြစ်မှုဆိုင်ရာ တရားခံတွေကို ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်တွေကြောင့် ရုံးမထုတ်နိုင်တဲ့အပြင် ချုပ်ရက်တွေ ကြာတဲ့အတွက် တချို့ပြစ်မှုနဲ့ တရားစွဲဆိုခံရတဲ့ နိုင်ငံသားတွေအတွက် သက်ညှာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဒီအမိန့် ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org