တရုတ်နဲ့ မြန်မာပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထုတ်

ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး Sinopharm ရဲ့ ကိုဗစ်ဆေးထုတ် စက်ရုံဖြစ်ပြီးတော့၊ ဒီကိုဗစ်ကာကွယ်ဆေးကို Myancopharm လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်တဲ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ် Mr Chen Hai Photo - Chinese Embassy in Myanmar

တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့ပေါင်းပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထုတ်လုပ်နေပြီလို့ မတ်လ ၂၃ ရက် ဒီကနေ့ တရုတ်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။

တရုတ်ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Sinopharm က မြန်မာ စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းထုတ်လုပ်မှာလို့ ဆိုပါတယ်။

ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး Sinopharm ရဲ့ ကိုဗစ်ဆေးထုတ် စက်ရုံဖြစ်ပြီးတော့၊ ဒီကိုဗစ်ကာကွယ်ဆေးကို Myancopharm လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ဆေးထုတ် လုပ်နိုင်တာဟာ နှစ်နိုင်ငံကြား ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလာဒ်ကောင်းဖြစ်တယ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Chen Hai က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းခွင်ပုံ (Photo - Chinese Embassy in Myanmar)

လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်းအတွက် တရုတ်ငွေ ယွမ် ၁၀.၅ သန်း တန်ဖိုးရှိ ကိုဗစ်တိုက်ဖျက်ရေး ပစ္စည်းတွေကို တရုတ် အစိုးရဘက်က ထောက်ပံ့ပေးထားပြီး၊ နောက်ထပ် ကာကွယ်ဆေးထိုးအပ် သုံးသန်းလှူဖို့လည်း ရှိသေးတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်တဲ့ အခမ်းအနားကို စစ်ကောင်စီဘက်က တာဝန်ရှိသူတွေလည်း တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org