ချင်းမိသားစုအကြောင်း ရုပ်ရှင်ကား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဆု ရရှိ

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း Perth ပါ့သ်မြို့မှာ အခြေချနေထိုင်နေ တဲ့ မြန်မာ ချင်း မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားတစ်ကားဟာ ဒုက္ခသည်များ သီတင်းပတ်အတွက်ကျင်ပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပထမဆုရရှိသွားပါတယ်။

စီစဉ်သူ Dr Metta နှင့် ချင်းမိသားစုပုံ Photo Credit: ABC-Australia

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း  Perth  ပါ့သ်မြို့မှာ အခြေချနေထိုင်နေတဲ့ မြန်မာ ချင်း မိသားစုတစ်စု အကြောင်း ရိုက်ကူးထားတဲ့  မှတ်တမ်းတင် ရုပ်ရှင်ကားတစ်ကားဟာ ဒုက္ခသည်များ သီတင်းပတ်အတွက်ကျင်ပ တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပထမဆုရရှိသွားပါတယ်။

မူလက ချင်းပြည်နယ်မှာနေထိုင်ပြီး  မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ချင်းမိသားစုရဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဇာတ်လမ်းလို့သိရပါတယ်။ မလေးရှား ကို ထွက်ပြေးချိန်က ကလေးအရွယ်သာဖြစ်ပြီး အခုအခါ အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ Ma Rubi က လူကုန်ကူး သူတွေကနေ လွတ်မြောက်လာပုံတွေကိုလည်း ဖော်ပြထားတယ်လို့သိရပါတယ်၊

Australia နိုင်ငံက ဝင်ပြိုင်တာ ဒီဇာတ်ကားတစ်ကားပဲရှိပြီး အမေရိကန်ပြည်ထောင်စုက အများအပြားဝင်ပြိုင်ခဲ့ ကြရာမှာ အနိုင်ရခဲ့တာဖြစ်ကြောင်း၊ ပြည်ပက ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ သားသမီးတွေ ပညာသင် ကြားနိုင်ရေးအတွက်  ရန်ပုံငွေရရှိဖို့ ရည်မှန်းပြီး ရိုက်ကူးတာဖြစ်ကြောင်း   စီစဉ်သူ Dr Marilyn Metta က ပြော ကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org