သီပေါဘုရင်အနွယ်တော်များ မှတ်တမ်းရုပ်ရှင်ဆု ရရှိ

မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါဘုရင်မိသားစုရဲ့ အနွယ်တော်တွေအကြောင်း ဗြိတိန်ရုပ်ရှင် ဒါရိုက်တာ တစ်ဦးရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဆုရရှိသွားခဲ့ပါတယ်။

မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါဘုရင်မိသားစုရဲ့ အနွယ်တော်တွေအကြောင်း ဗြိတိန်ရုပ်ရှင် ဒါရိုက်တာ တစ်ဦးရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဆုရရှိသွားခဲ့ပါတယ်။ Burma’s Lost Royals မြန်မာပြည်က တိမ်ကော သွားတဲ့ မင်းမျိုးမင်းနွယ်များ အမည်ရှိတဲ့ အဲဒီမှတ်တမ်း ရုပ်ရှင်ကို ဒါရိုက်တာ Alex Bescoby က သုတေသနပြုပြီး ၊ ၂၀၁၄ ခုနှစ်က စတင် စီစဉ်ရိုက်ကူးခဲ့တာပါ။

အဲဒီရုပ်ရှင်ကို ဗြိတနိန်အခြေစိုက် Whicker’s World Foundation က ဆုအဖြစ် မြန်မာကျပ်ငွေ ၁၃၄ သန်းနဲ့ ညီတဲ့ စတာလင်ပေါင်ရှစ်သောင်းကို အခမ်းအနားနဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို မြန်မာ့နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းရဲ့ မြေးတော်၊ မြစ်တော်တွေကို တွေ့ဆုံမေးမြန်း ရိုက်ကူးခဲ့တာလို့သိရပါတယ်။

ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alex Bescoby က - ဆုရတဲ့အတွက်အလွန်ပဲ ပီတိဖြစ်ရပါတယ်၊ ဒီရုပ်ရှင်ရဲ့ အဓိကအချက် ကတော့ မြန်မာ့သမိုင်းဟာ ဘယ်လောက် စိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုတာပါလို့ ပြောဆိုပါတယ်။ Whicker’s World Foundation ဆုကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ပါတယ်။

Burma’s Lost Royals မှတ်တမ်းရုပ်ရှင်ကို Sheffield နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ ဇွန်လ ၁၄ ရက် နေ့က ပေးအပ်ခဲ့တာပါ။ အဲဒီနေ့မှာပဲ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ အကြောင်း မှတ်တမ်း တင်ရိုက်ကူးထားတဲ့ Twilight Over Burma ဇာတ်ကားကို ရုပ်ရှင်ဆင်ဆာ အဖွဲ့က ပြသခွင့်ပိတ်ပင်လိုက်ပါတယ်။

သီပေါစော်ဘွားရဲ့သြစတေးလျသူ ဇနီး မဟာဒေဝီရဲ့ ဘဝဇာတ်လမ်းကို ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကားမှာ ရှမ်း တိုင်းရင်းသူတွေအပေါ် မတရားပြုကျင့်မှုတွေ ပါဝင်ခဲ့လို့၊ မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ထိခိုက်စေတယ်ဆိုပြီး ပြသခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org