လှေစီးဒုက္ခသည် ၁၅၀ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို လွှဲအပ်
ရခိုင်ပြည်နယ် မောင်တောနယ်စပ် တောင် ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်ဆယ် ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ထဲက ၁၅၀ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ဒီနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
-
2015-06-08 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မောင်တောနယ်စပ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ထဲက ၁၅၀ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ဒီနေ့လွှဲပြောင်းပေးလိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည် ၁၅၀ ကိုသာ သူတို့နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားပြီး ကျန် ၅၀ ကိုတော့ ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
"တောင်ပြိုလက်ဝဲ ချစ်ကြည်ရေးတံတားက တစ်ခေါက်မှာ လူ ၃ဝ တစ်သုတ် လမ်းလျှောက်ပြီးတော့ ဟိုဘက်ကို လွှတ်ပေးတာ လေးသုတ်ရှိသွားပြီ လူ ၁၂ဝ၊ အခုလောက်ဆို လူ ၁၅ဝ ပြီးလောက်ပြီ၊ ငါတို့ဘက်ကလွှဲပေး သူတို့ကဟိုဘက်ကနေ ကားတွေနဲ့စောင့်ပြီးခေါ်သွားမှာပေါ့၊ လောလောဆယ် သူတို့ဘက်က ဒီ ၅ဝ နဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးတဲ့အတွက်ကြောင့် သူတို့ကထပ်စိစစ်ရမှာပေါ့"
အဲဒီလှေစီးဒုက္ခသည် ၂၀၀ ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်အတွင်း မြန်မာရေပိုင်နက် မှာ တွေ့ရှိပြီး ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက မြန်မာရေပိုင်နက်ထဲမှာ ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကိုလည်း မောင်တောနယ်စပ်ကို ပို့ဆောင်ထားပါတယ်။
အဲ့ဒီလှေစီးဒုက္ခသည်တွေကိုလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်စစ်ဆေးနေ ဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
RFA ဒေါ်ခင်ခင်အိ တင်ပြချက် ကိုနားဆင်နိုင်ပါတယ်။