ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူတွေ အကူအညီလိုအပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူ ဒုက္ခသည် အရေအတွက် လေးသိန်းခွဲနီးပါးရှိလာပြီဖြစ်လို့ အမိုးအကာ၊ ရိက္ခာ၊ ကျန်းမာရေး စတာတွေအတွက် နိုင်ငံတကာ အကူအညီ အများအပြားလိုအပ်နေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ် Photo: UNHCR

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူ ဒုက္ခသည် အရေအတွက် လေးသိန်းခွဲနီးပါးရှိလာပြီြဖစ်လို့ အမိုးအကာ၊ ရိက္ခာ၊ ကျန်းမာရေး စတာတွေအတွက် နိုင်ငံတကာ အကူအညီ အများအပြားလိုအပ်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကူအညီတွေနဲ့ မလုံလောက်တော့ဘဲ၊ ငွေကြေး၊ ကူညီရေးပစ္စည်းတွေ အလုံ အလောက်ရရှိဖို့ နိုင်ငံတကာ အကူအညီ ကြီးကြီးမားမားလိုအပ်နေပြီလို့လည်း ပြောပါတယ်။

ဒါ့ပြင် ဦးဆုံးပထမဆောင်ရွက်ရမှာက ရခိုင်ပြည်နယ်တွင်းက လူတွေထွက်ပြေးလာတဲ့ကိစ္စရဲ့ အရင်းခံအကြောင်း တရားဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဖြစ်ပါတယ်လို့လည်း ပြောဆိုပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကလည်း ဒုက္ခသည်တွေ နောက်ထပ်ဝင်ရောက် မလာအောင် မြန်မာနိုင်ငံတွင်းမှာ Safe Zone လို့ခေါ်တဲ့ လုံခြုံရေးနယ်မြေတွေ ဖန်တီးဖို့ ကုလသမဂ္ဂ မှာ ပြောဆိုခဲ့ပါတယ်။

အဲဒီအဆိုဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလာဒေ့ရှ်ရဲ့အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့အတွက် လက်မခံကြောင်း၊ ဘင်္ဂလားဒေ့ရှ် BNP ပါတီ က ပြောဆိုခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကလည်း မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org