နိုင်ငံတကာအကူအညီကို မမျှော်လင့်ပေမယ့် တောင်းခံမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေထဲက လူတစ်သိန်းကို လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် နေရာချထားမယ့်ကိစ္စအတွက် နိုင်ငံတကာ အလှူရှင်တွေဆီက အကူအညီကို မျှော်လင့်မထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အာလမ် က ပြောပါတယ်။
-
2018-03-27 -
-
-
ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေထဲက လူတစ်သိန်းကို လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် နေရာချထားမယ့်ကိစ္စအတွက် နိုင်ငံတကာ အလှူရှင်တွေဆီက အကူအညီကို မျှော်လင့် မထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အာလမ် က ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲက အဲဒီကျွန်းပေါ်မှာ လူနေအိမ်ခြေတွေ တည်ဆောက်ရေး၊ မုန်တိုင်းဒဏ် ကာကွယ်ရေးတွေအတွက် အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ သန်း ၂၈၀ လောက် ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီအတွက် နိုင်ငံတကာ အကူအညီတွေကို မမျှော်လင့်ပေမယ့် ထုံးစံအရတော့ တောင်းခံရမှာဖြစ်ကြောင်း လည်း ပြောပါတယ်။
ဒါ့ပြင် ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအရမဟုတ်ဘဲ အဲဒီကျွန်းပေါ်ကို အတင်းအကြပ် အဓမ္မပို့ဆောင်မှာ မဟုတ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလာေးဒ့ရှ်ကြား ဒုက္ခသည် ပြန်ပို့ရေးကိစ္စ သဘောတူညီထားခဲ့ပေမယ့် လက်တွေ့မှာ နှောင့်နှေးနေ တာကြောင့်အနီးက ဘာဆမ်ချာဆိုတဲ့ ကျွန်းပေါ်မှာ လူနေအိမ်ခြေတွေ ဆောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေတာပါ။
ဒီအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်ရောက်ရှိလာသူ ဒုက္ခသည် သုံးသိန်းအတွက် အရေးပေါ် အကူအညီတွေပေးဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက ဒေါ်လာ ၉၅၁ သန်း တောင်းခံထားပါတယ်။