ရိုဟင်ဂျာ ၃၃ ဦး တရားမဝင် ဝင်ရောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

မြန်မာနိုင်ငံကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၃ ဦး နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ အာနာဒိုလူ (Anadolu Agency) သတင်းက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။

နယ်စပ်တစ်နေရာတွင် စောင့်ကြပ်နေကြသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ Tanbir MIRAJ / AFP

မြန်မာနိုင်ငံကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၃၃ ဦး နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ အာနာဒိုလူ (Anadolu Agency) သတင်းက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။

အမျိုးသမီး ကိုးဦး၊ အမျိုးသား ဆယ်ဦးနဲ့ ကလေး ၁၄ ဦး၊ စုစုပေါင်း ရိုဟင်ဂျာ ၃၃ ဦးကို အလီကာဒမ် (Alikadam) နယ်စပ်ဒေသမှာ ထိန်းသိမ်းခဲ့တာ လို့ဆိုပါတယ်။

ဒီရိုဟင်ဂျာတွေဟာ မြန်မာပြည်တွင်းစစ် အခြေအနေတွေကြောင့် ဘေးကင်းလုံခြုံရေး မျှော်လင့်ချက်နဲ့ ပွဲစားတွေကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး သူတို့ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ နယ်ခြားစောင့်တပ် တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကလည်း နယ်ခြားစောင့်တပ်က မြန်မာဘက်က ရိုဟင်ဂျာ ၅၃ ဦးကို အာလီကာဒမ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ မိုဟာမက် ယူနွတ်စ်ကလည်း မြန်မာဘက်က နောက်ထပ် ရိုဟင်ဂျာ တစ်သိန်းနီးပါး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခိုလှုံနေကြောင်းနဲ့ ဒါဟာ ဘင်္ဂလားဒေ့ရှ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org