၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပဲခူးတိုင်းလူထုတွေ့ဆုံပွဲတွေ ပြုလုပ်
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ပဲခူးတိုင်းကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဇီးကုန်းမြို့၊ ကြို့ပင်ကောက်မြို့နဲ့ လက်ပံတန်းမြို့တွေကို ဒီကနေ့သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ ကြပါတယ်။
-
2013-02-08 -
-
-
ဇီးကုန်းမြို့ကိုရောက်ရှိပြီး ဒေသခံလူထုနဲ့ တွေ့ဆုံရာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တရားမျှတမှု၊ လွှတ်လပ်မှုနဲ့ တန်းတူညီမျှမှုတွေ ရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။
"နံပါတ်တစ် တရားမျှတရမယ်၊ တရားမျှတရမယ် ဆိုတာကတော့ လယ်သမားတွေကိုတော့ ထမင်းတစ်နပ်ပဲစားလို ပြောပြီးတော့ ကိုယ့်အိမ်မှာတော့ ထမင်းချက်လေးယောက် ခန့်ထားတာတော့ လက်မခံပါဘူး၊ ကျွန်တော်တို့ လွတ်လပ်ခြင်းရှိရမယ်၊ ကျွန်တော်တို့ နိုင်ငံတော် သီချင်းစဆိုကတည်းက တရားမျှတ လွှတ်လပ်ခြင်းဆိုတာနဲ့ စပါတယ်"
ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနေ့ကလဲ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲတွေကို ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့တွေမှာ ကျင်းပခဲ့ပါတယ်။