ပညာရေးဥပဒေနဲ့ ကျောင်းသားသပိတ်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံလုံးဆိုင် ရာ ကျောင်းသားသပိတ်ဆင်နွဲဖို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
-
2015-01-21 -
-
-
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ဆင်နွဲဖို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်အရ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်ပြီး မန္တလေး- ရန်ကုန် ခရီးရှည်လမ်းလျှောက်ဆန္ဒပြတဲ့ လှုပ်ရှားမှုကို ၂၀၁၅ ဇန်နဝါရီလ (၂၀)ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းကနေ စတင်လိုက်ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။