ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ စစ်တွေမှာ တွေ့ဆုံ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမုန်းစကားပြန့်ပွားမှုတွေရှိနေတဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သင့်မြတ်စွာနေထိုင်နိုင်ရေးအပေါ် သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
-
2018-05-02 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမုန်းစကားပြန့်ပွားမှုတွေရှိနေတဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သင့်မြတ်စွာနေထိုင်နိုင်ရေးအပေါ် သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီနေ့မနက်ပိုင်းမှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ပြည်နယ်ဥက္ကဌ ဒေါ်ညိုအေး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။