သီပေါ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်နဲ့ ဆက်သွယ်မေးမြန်းချက်
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲ မြစ်ငယ်မြစ် (ဒုဌဝတီမြစ်) ပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက်နေတဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအနီးက တာလုံဆိုတဲ့ရွာကို အစိုးရကဖယ်ရှားခိုင်းပေမယ့် ဒေသခံတွေက လက်မခံကြပါဘူး။
-
2018-03-09 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲ မြစ်ငယ်မြစ် (ဒုဌဝတီမြစ်) ပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက်နေတဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအနီးက တာလုံဆိုတဲ့ရွာကို အစိုးရကဖယ်ရှားခိုင်းပေမယ့် ဒေသခံတွေက လက်မခံကြပါဘူး။ မနေ့က သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ကျေးရွာသားတွေက မတက်ရောက်ပဲ ကန့်ကွက်ကြပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သီပေါမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။