JMC-U အစည်းအဝေးကျင်းပ
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ မေလ ၃ ရက်နေ့ကနေ ဒီနေ့ မေလ ၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
-
2017-05-06 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ မေလ ၃ ရက်နေ့ကနေ ဒီနေ့ မေလ ၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
အဲဒီ JMC-U ရဲ့ ၁၀ ကြိမ်မြောက်အစည်းအဝေးမှာ နယ်မြေလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရုံးတွေကို ဒီလာမယ့် ဇွန်လမကုန်ခင်ဖွင့်ဖို့ သဘောတူခဲ့ကြပါတယ်။
ချင်းမျိုးသားတပ်ဦး CNF က JMC-U အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးရ် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။