မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု မေးမြန်းချက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအနှံ့ မြို့အတော်များများမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ရပ်ကွက်တွေအလိုက် တစ်အိမ်တက်ဆင်းပြီး မီးလောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုက်လံစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
-
2016-02-17 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအနှံ့ မြို့အတော်များများမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ရပ်ကွက်တွေအလိုက် တစ်အိမ်တက်ဆင်းပြီး မီးလောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုက်လံစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
ဒီနှစ်ဟာ အယ်လ်နီညို လို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့မှု စံချိန်တင်နှစ်ဖြစ်တာကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း သတိပေးနှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါ ကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။